1 လုပ်ငန်း တစ်ခုရယ်လို့ တည်ထောင်ပြီဆိုတာနဲ့ အပင်လေးတစ်ပင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ရသလိုပါပဲ။ Company တစ်ခုရဲ့ Value (တန်ဖိုး) ကြီးထွားလာဖို့ဆိုတာ ဝင်ငွေ အမြတ်ငွေ ကောင်းတာ တစ်ခုတည်းနဲ့ တိုင်းတာလို့မရပါဘူး။ ဘယ်လို Innovative ဖြစ်လဲ၊ ကိုယ်ရောင်းချတဲ့ Brand က ဘယ်လောက်လူသိများလဲ၊ ကိုယ့်ဖောက်သည်တွေ ဘယ်လောက်စိတ်ကျေနပ်လည်း၊ ထပ်ဝယ်သလဲ၊ ခေါင်းဆောင်မှုကောင်းရှိရဲ့လား၊ လုပ်ငန်းလည်ပါတ်မှု Operation efficiency ရှိရဲ့လား၊ ဆက်စပ်နေတဲ့ ပါတနာကောင်းတွေရှိရဲ့လား၊ နည်းပညာခတ်မီရဲ့လား၊ ဝန်ထမ်းတွေ တိုးတက်မှုရှိပြီး အလုပ်ထွက်နှုန်းနည်းရဲ့လား၊ Sustainable Practices တွေရှိရဲ့လား စသည်ဖြင့် ပြောရရင် အများကြီးပါပဲ။
သည်နေ့ခတ်မှာ လုပ်ငန်းတစ်ခုလုပ်ပြီဆို (Offline) တကယ့် အပြင်မှာ ဆိုင်ကြီး၊ နေရာကောင်းကြီး ရှိနေရုံနဲ့လည်း မပြည့်စုံပါဘူး။ Digital Age ဖြစ်တဲ့အတွက်ကြောင့် Online Existance မှာလည်း ခန့်ညား အဆင့်မြင့်နေဖို့လိုပါတယ်။
What is a domain? ဒိုမိန်းဆိုတာ ဘာလဲ? (Domain Name)
ဥပမာ ပြောရရင် မြန်မာနိုင်ငံမှာ လုပ်ငန်း တစ်ခုလုပ်တဲ့အခါ လုပ်ငန်းလိုင်စင် လိုအပ်ပါတယ်။ စည်ပင်လိုင်စင်၊ DOCA လိုင်စင် အစရှိသည်ဖြင့်ပေါ့။ ဒါက တစ်နိုင်ငံထဲ တစ်မြို့ထဲမှာ လုပ်တဲ့အခါ လိုတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အင်တာနက်ကြီးပေါ်မှာ အလုပ်တွေ လုပ်ကြတော့မယ်ဆိုရင် Domain Name တစ်ခု Register လုပ်ထားတာ ပထမ ခြေလှမ်းဖြစ်ပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်းနာမည်က Apple ဆိုရင် www.apple.com ဆိုတဲ့ Domain ကို ဝယ်တာဖြစ်ပါတယ်။ ဥပမာ www.apple.com ဆိုရင် com နဲ့ အဆုံးသတ်ထားပြီး commercial စီးပွားရေးအလို့ငှာ ဝယ်ယူထားတဲ့ Domain လို့ ဆိုလိုပါတယ်။ UN လို အဖွဲ့ အစည်းကြီးတွေဆို www.un.org ဖြစ်ပြီး Organization အဖွဲ့ အစည်းကို ကိုယ်စားပြုပါတယ်။ ဟားဗတ် တက္ကသိုလ်ရဲ့ website ဟာဆိုရင် www.harvard.edu ဖြစ်ပါတယ်။ Education ကို ဆိုလိုတာဖြစ်ပါတယ်။ ခြုံပြီးပြောရရင် www.သင့်ကုမ္ပဏီနာမည်.com ဆိုတဲ့ နာမည်ကို နှစ်စဥ်ကြေးပေးပြီး ဝယ်ယူတာကို Domain name registration လုပ်တယ်လို့ပြောတာဖြစ်ပါတယ်။
What is hosting? Hosting ဆိုတာ ဘာလဲ?
Domain Name ဝယ်ပြီးပြီဆိုတာ နာမည်ကိုပဲ ဝယ်ထားတာဖြစ်လို့ Internet Web Browser မှာ www.yourcompanyname.com ဆိုပြီး ရိုက်ရင် ဘာမှ ပေါ်ဦးမှာ မဟုတ်ပါဘူး။ Website ဆိုတဲ့ စာမျက်နှာတွေရေး၊ ပုံတွေထည့်ပြီး အဲ့သည့် စာတွေ ပုံတွေကို Hosting လို့ခေါ်တဲ့ အမြဲ online ဖြစ်နေသော ကွန်ပျူတာ/ဆာဗာပေါ်သွားတင်ရပါတယ်။ ပြီးတဲ့အခါ ဝယ်ထားတဲ့ Domain Name နဲ့ (Website ရေးတင်ထားသော Hosting) ကို ချိတ်ပေးရပါတယ်။ ဒါမှ တစ်ယောက်ယောက်က www.yourcompanyname.com လို့ရိုက်ရှာရင် DNS က သိရှိပြီး သင့် Company ရဲ့ Website ပေါ်လာမှာဖြစ်ပါတယ်။ Hosting ဆိုတာ ကိုယ့် File တွေသွားတင်မယ့် အမြဲ online ဖြစ်နေသော Server/Computer ကို ဆိုလိုတာဖြစ်ပါတယ်။ အမြန်နှုန်း၊ Storage Capacity, Downtime, Security, Private/Share အစရှိတဲ့ အချက်တွေပေါ်မူတည်ပြီး နှစ်စဥ်ကြေးအမျိုးမျိုးရှိပါတယ်။ Website တစ်ခု ဖန်တီးမယ်ဆိုရင် Domain name အပြင် Hosting ကိုပါဝယ်ယူရမှာဖြစ်ပါတယ်။
Free email vs Domain base email ဆိုတာဘာလဲ?
Free email ဆိုတာ name@gmail.com, name@yahoo.com, name@icloud.com စတဲ့ email တွေက Free email တွေဖြစ်ပါတယ်။ International နဲ့ အလုပ်လုပ်ရင် Free email တွေက အဆင့်တစ်ခု နိမ့်ပါတယ်။ အချို့ Company ကြီးတွေဆို လက်မခံတာ ပြန်မဖြေတာတွေတောင်ရှိပါတယ်။ Domain email ဆိုတာက ဥပမာ Apple company က ဝန်ထမ်းဆိုရင် name@apple.com ဖြစ်ပါတယ်။ email ကိုကြည့်လိုက်တာနဲ့ သူဟာ Apple company က အရာရှိ သို့မဟုတ် ဝန်ထမ်းဖြစ်ကြောင်း တန်းသိနိုင်ပါတယ်။ Supplier/Manufacturer Company အများစုကလည်း company email/domain email တွေကိုဆို ပိုပြီး ဦးစားပေး ဖြေကြလေ့ရှိပါတယ်။ ကိုယ်က Domain name ဝယ်ထားပြီးပြီဆို email service provider တစ်ခုခုဆီကနေ own domain အတွက် email service ကို ဝယ်ယူနိုင်ပါတယ်။
Domain နာမည် ဝယ်ယူခြင်း၊ Hosting ဝယ်ယူခြင်း၊ Website Design ရေးဆွဲခြင်း၊ Domain based email account များ Register ပြုလုပ်ခြင်းတို့ လုပ်ဆောင်ပြီးရင်တော့ ကိုယ့်လုပ်ငန်း အကြောင်း၊ မည်သည့် Product and မည်သည့် Service များပြုလုပ်ကြောင်း၊ Values များ၊ လုပ်ခဲ့ဖူးသော Project များကို တစ်နေရာထဲမှာ ဖော်ပြထားနိုင်တဲ့အပြင် name@company.com ဆိုပြီး ကိုယ့် Company အနေနဲ့ email ပို့ခြင်း လက်ခံခြင်းတို့ ပြုလုပ်နိုင်ပြီ ဖြစ်တာကြောင့် Company Value ဟာလည်း တစ်ဆင့်မြင့်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။
YangonBits
+66 6 450 490 61
Comments
Post a Comment