Skip to main content

Facebook တွင် boost လုပ်သည့် Advertisement Post (Ads) များ၏ ထိရောက်မှုကို တိုင်းတာခြင်း

 Facebook ပေါ်မှာ Post တင်ပြီး ကိုယ့်ကို Like & Follow မလုပ်ထားတဲ့သူတွေဆီပါ ကိုယ့်ကြေညာသွားပေါ်‌ နေအောင်  အခကြေးငွေပေးပြီးကြေညာ တာကို Boost လုပ်တယ်လို့ ခေါ်ပါတယ်။ 

Boost လုပ်တာက ရုတ်တရက်ကြည့်ရင် လွယ်သလိုလိုနဲ့ တကယ်နက်နဲပြီး ထိရောက်အောင် လုပ်တဲ့ Process ဟာ ပညာသားပါလှပါတယ်။ Boost လုပ်တဲ့အခါ ဘာတွေ စဥ်းစားပြီး ဘယ်လို Setting ချိန်မှ ထိရောက်တယ်ဆိုတာ အခြား Article တစ်ခုမှာ ဖော်ပြပေးပါ့မယ်။ အခုတော့ Boost လုပ်ထားတဲ့ post ဟာ ထိရောက်မှု ရှိမရှိ တိုင်းတာတဲ့အခါမှာ သုံးတဲ့ အချက်တွေကို ရှင်းပြပေးမှာဖြစ်ပါတယ်။


(၁) Reach - လူ ဘယ်နှယောက်ကို boost လုပ်ထားတဲ့ post ကို မြင်သွားလဲဆိုတဲ့ ပမာဏ ကို ဖော်ပြတဲ့ ကိန်းဖြစ်ပါတယ်။ ကိုယ့် Page ကို လူသိများစေချင်တဲ့အခါ Reach များအောင် Ads setting ချိန်ပေးရပါတယ်။ Reach များတာဟာ effective ဖြစ်တာ မဟုတ်ပါဘူး၊ လူများများဆီသွားပေါ်ဖို့ထက် Customer ဖြစ်လာမယ့်သူတွေဆီ သွားပေါ်ဖို့ က ပိုအရေးကြီးပါတယ်။ ကြေညာတင်ခြင်းရဲ့  key KPI ဟာ ပိုရောင်းရခြင်းပဲ ဖြစ်ပါတယ်။


(၂) Impression - ဘယ်နှကြိမ်ထိ ကိုယ့်ကြေညာဟာ Spondsor Ads အနေနဲ့ သွားပေါ်ပြီးပြီလဲ ဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။ Marketing Funnel အကြောင်း သင်ဖူးရင် ကြေညာတယ်ဆိုတာ ပထမ အဆင့် Awareness Stage မှာတင် ပြီးတာ မဟုတ်လို့ Sales ဖြစ်သည်အထိ ထပ်ခါ ထပ်ခါ Same Audiances ကိုကြေညာရတာမျိုးရှိပါတယ်။ လူတစ်ယောက်ထဲက ၁၀ ကြိမ်မြင်သွားတာပဲ ဖြစ်ဖြစ် လူ ၁၀ယောက်က ၁၀ကြိမ်မြင်တာပဲ ဖြစ်ဖြစ် Impression အရေအတွက်က ၁၀ ပဲဖြစ်ပါတယ်။

(၃) Engagement - ကိုယ် ကြေညာတဲ့ Post ကို Like, Comment, Share, React လုပ်တဲ့အရေအတွက်ကို ဖော်ပြတာဖြစ်ပါတယ်။ Engagement များတယ်ဆိုတာ ကိုယ့် ပရိတ်သက်တွေနဲ့ ကိုက်ညီတာ နှစ်သက်တဲ့အရာ ဖြစ်ကြောင်းကိုဖော်ပြနေတာဖြစ်လို့ High Engagement post တွေကို လေ့လာရင် လူတွေဘယ်လို Content ကိုကြိုက်လဲဆိုတာ သိနိုင်ပါတယ်။ Engagement Rate ဆိုတာကတေ့ Impresion & Engagement ကြားက ရာခိုင်နှုန်းဖြစ်ပါတယ်။

(၄) CTR (Click Through Rate) - ကြေညာကို Click နှိပ်လိုက်တဲ့ အရေအတွက်ကို ဖော်ပြတာဖြစ်ပါတယ်။ Ads မှာ Send Message Now လို့  Button ရွေးထားရင် ထိုခလုတ်ကိုနှိပ်လိုက်တဲ့အရေအတွက်ကို ဆိုလိုတာဖြစ်ပါတယ်။ Impression ၁၀၀၀ မှာ ကြေညာကို Click နှိပ်သူ ၁၀ ယောက်ရှိရင် CTR 1% ဖြစ်ပါတယ်။

(၅) Conversion Rate - ကိုယ့်ကြေညာကို Click နှိပ်ပြီး ဝယ်သွားတာ၊ စာရင်းပေးသွားတာ၊ Pre Order တင်သွားတာတွေရဲ့ Percentage ဖြစ်ပါတယ်။ Click Rate အပေါ်တည်ပြီး တွက်လေ့ရှိပါတယ်။

(၆) CPC (Cost Per Click) - Ads Campaign တစ်ခုပြီးသွားတဲ့အခါ Click တစ်ခါရဖို့ ဘယ်နှ ဒေါ်လာသုံးလိုက်ရတယ်ဆိုတဲ့ ပမာဏ ဖြစ်ပါတယ်။ ငွေဘယ်လောက်သုံးပြီး ဘယ်လောက် Efficience & Effectiveness ဖြစ်လဲဆိုတာ CPC amount ကိုကြည့်ပြီး သိနိုင်ပါတယ်။

(၇) CPM (Cost Per Thousand Impression) - အကြိမ် ၁၀၀၀ ကြေညာသွားပေါ်ဖို့အတွက်  ငွေဘယ်လောက်သုံးလိုက်ရလဲ ဆိုတဲ့ Metric ဖြစ်ပါတယ်။

(၈) Page Like - ကြေညာတင် Boost လုပ်လိုက်တာကြောင့် ကိုယ့် Page ကို Like ဘယ်နှယောက်ပေးသွားလဲဆိုတဲ့ Metric ဖြစ်ပါတယ်။ 

အခြား ပို အသေးစိတ်တဲ့ Metrics တွေနဲ့လည်း တိုင်းတာနိုင်ပါသေးတယ်။ ဒါကြောင့် Page Boost, Ads Boost လုပ်တဲ့အခါ စနစ်ကျပြီး ကောင်းမွန်တဲ့ Effictiveness & Efficience တွေဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ YangonBits မှာပဲ စိတ်ချ အပ်နှံဖို့ ကြေညာရင်း Knowledge Sharing Article အနေဖြင့် ရေးသားလိုက်ရပါသည်။

Founder, 

YangonBits

Comments

Popular posts from this blog

Domain, Website နှင့် Domain Email ရှိထားခြင်းတို့၏ အားသာချက်

1 လုပ်ငန်း တစ်ခုရယ်လို့ တည်ထောင်ပြီဆိုတာနဲ့  အပင်လေးတစ်ပင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ရသလိုပါပဲ။ Company တစ်ခုရဲ့ Value (တန်ဖိုး) ကြီးထွားလာဖို့ဆိုတာ ဝင်ငွေ အမြတ်ငွေ ကောင်းတာ တစ်ခုတည်းနဲ့ တိုင်းတာလို့မရပါဘူး။ ဘယ်လို Innovative ဖြစ်လဲ၊ ကိုယ်ရောင်းချတဲ့ Brand က ဘယ်လောက်လူသိများလဲ၊ ကိုယ့်ဖောက်သည်တွေ ဘယ်လောက်စိတ်ကျေနပ်လည်း၊ ထပ်ဝယ်သလဲ၊ ခေါင်းဆောင်မှုကောင်းရှိရဲ့လား၊ လုပ်ငန်းလည်ပါတ်မှု Operation efficiency ရှိရဲ့လား၊ ဆက်စပ်နေတဲ့ ပါတနာကောင်းတွေရှိရဲ့လား၊ နည်းပညာခတ်မီရဲ့လား၊ ဝန်ထမ်းတွေ တိုးတက်မှုရှိပြီး အလုပ်ထွက်နှုန်းနည်းရဲ့လား၊ Sustainable Practices တွေရှိရဲ့လား စသည်ဖြင့် ပြောရရင် အများကြီးပါပဲ။

Logo Design အကြောင်း

  Logo တစ်ခုသည် Visual Element တစ်ခုထက်များစွာပိုပါသည်။ Logo သည် အမှတ် တံဆိပ်တစ်ခု၏ မျက်နှာစာ တစ်ခုပင်ဖြစ်သည်။ မိမိ၏ Customer ဖောက်သည်များ သည် မိမိ၏ Brand နှင့်   မိမိ၏ logo နှစ်ခုတို့ကို တွဲမြင်သွားရန် အရေးကြီးပါသည်။ သပ်ရပ်လှပစွာ ဆွဲထား‌သော logo တစ်ခုသည် မိမိလုပ်ငန်း brand အမှတ်တံဆိပ်၏ တန်ဖိုး Value, Personality နှင့် Professional ဆန်မှုကို ဖော်ပြသည်။ ပြိုင်ဘက်လုပ်ငန်းများနှင့် ကွဲထွက်ပြီး ခွဲခြားမှတ်မိအောင် လုပ်နိုင်သည့် တန်ဖိုးလည်းရှိနေပါသည်။ Logo များကို အမျိုးအစားအားဖြင့် အများကြီးခွဲနိုင်သော်လည်း တွေ့ရများသည့် logo type များကတော့ အောက်ပါ အတိုင်းဖြစ်ပါသည်။   (၁) Wordmark (Text-Based) Logos လုပ်ငန်းနာမည်ဖြစ်သည့် စာသားကိုပဲ typography (စာလုံးပုံစံကို Design အသစ်ဖန်တီးရသည့်) အမျိုးမျိုးဖြင့် ဖော်ပြသည့် logo အမျိုးအစားများကို Wordmark logo ဟုခေါ်ပါသည်။ Wordmark logo အမျိုးအစား ဥပမာများမှာ Coca-Cola, Google, Disney logo တို့ ဖြစ်သည်။ (၂) Lettermark (Initial-Based) Logos လုပ်ငန်းနာမည်အရှည်၏ အစ စကားလုံးများကို ယူပြီး Design ပြုလုပ်သည့် logo အမျိုးအစားဖြစ်သည်။ ဥပမာ...