Skip to main content

Logo Design အကြောင်း

 

Logo တစ်ခုသည် Visual Element တစ်ခုထက်များစွာပိုပါသည်။ Logo သည် အမှတ် တံဆိပ်တစ်ခု၏ မျက်နှာစာ တစ်ခုပင်ဖြစ်သည်။ မိမိ၏ Customer ဖောက်သည်များ သည် မိမိ၏ Brand နှင့်  မိမိ၏ logo နှစ်ခုတို့ကို တွဲမြင်သွားရန် အရေးကြီးပါသည်။ သပ်ရပ်လှပစွာ ဆွဲထား‌သော logo တစ်ခုသည် မိမိလုပ်ငန်း brand အမှတ်တံဆိပ်၏ တန်ဖိုး Value, Personality နှင့် Professional ဆန်မှုကို ဖော်ပြသည်။ ပြိုင်ဘက်လုပ်ငန်းများနှင့် ကွဲထွက်ပြီး ခွဲခြားမှတ်မိအောင် လုပ်နိုင်သည့် တန်ဖိုးလည်းရှိနေပါသည်။ Logo များကို အမျိုးအစားအားဖြင့် အများကြီးခွဲနိုင်သော်လည်း တွေ့ရများသည့် logo type များကတော့ အောက်ပါ အတိုင်းဖြစ်ပါသည်။

 

(၁) Wordmark (Text-Based) Logos

လုပ်ငန်းနာမည်ဖြစ်သည့် စာသားကိုပဲ typography (စာလုံးပုံစံကို Design အသစ်ဖန်တီးရသည့်) အမျိုးမျိုးဖြင့် ဖော်ပြသည့် logo အမျိုးအစားများကို Wordmark logo ဟုခေါ်ပါသည်။ Wordmark logo အမျိုးအစား ဥပမာများမှာ Coca-Cola, Google, Disney logo တို့ ဖြစ်သည်။

(၂) Lettermark (Initial-Based) Logos

လုပ်ငန်းနာမည်အရှည်၏ အစ စကားလုံးများကို ယူပြီး Design ပြုလုပ်သည့် logo အမျိုးအစားဖြစ်သည်။ ဥပမာ Volkswagen ကားများ၏ logo သည် VW ဖြစ်သည်။ International Business Machine company logo သည် IBM ဖြစ်သည်။ HBO, CNN အစရှိသော logo များသည် Lettermark logo အမျိုးအစားများ ဖြစ်ပါသည်။


(၃) Icon (Symbol-Based) Logos

Abstract သို့မဟုတ် literal ရေးဆွဲထားသည့် Symbol or icon ကို အသုံးပြုပြီးဖော်ပြသည့် logo အမျိုးအစားများကို Icon/Symbol base logo များဟုခေါ်ပါသည်။ ဥပမာ Apple logo သည် ပန်းသီး တစ်ခြမ်းကိုက် symbol ကို အသုံးပြုထားသည်။ Apple, Twitter, Nike logo များဖြစ်သည်။


(၄) Combination Logos

စာသားနှင့် Icon element နှစ်ခုပေါင်းစပ်ထားသည့် logo အမျိုးအစား ကို Combination logo များဟုခေါ်ပါသည်။ ဥပမာ Adidas, Starbucks, Burger King တို့သည် Combination logo များ ဖြစ်ပါသည်။


(၅) Emblem logos

စာသား၊ Symbol, Icon တို့ကို ရင်ထိုးတံဆိပ်ပုံ တံဆိပ်ပြား badge ပုံစံ ဖန်တီးထားသည့် logo အမျိုးအစားကို Emblem logos ဟုခေါ်ပါသည်။ အစိုးရ၊ အဖွဲ့အစည်း၊ ကျောင်းများ အသုံးပြုလေ့ရှိသည့် logo အမျိုးအစားများ ဖြစ်ပါသည်။ ဥပမာ Harvard University, Harley-Davidson, Starbucks, NFL teams စသည်တို့၏ logo များဖြစ်သည်။


(၆) Mascot Logos

လုပ်ငန်းနှင့် သက်ဆိုင်ပြီး လုပ်ငန်းကိုဖော်ပြနေသည့် လူ Character သို့မဟုတ် mascot ထည့်သွင်းရေးဆွဲသည့် logo အမျိုးအစားဖြစ်သည်။ ဥပမာ KFC (Colonel Sanders), Michelin (Michelin Man), Wendy's.



ထိုသို့ Logo အမျိုးအစားများ များစွာရှိပြီး Logo ရေးဆွဲရာတွင် Vector Software သုံးပြီး ရေးဆွဲရသည်။ သို့မှသာ Size ဘယ်လောက် ချဲ့ချဲ့ Logo quality အမြဲ 100% ရှင်းလင်း ပြတ်သားနေမည် ဖြစ်ပါသည်။ အများအားဖြင့် Adobe Illustrator ဖြင့် logo များကို ရေးဆွဲလေ့ရှိပါသည်။

 

Founder

YangonBits Digital Marketing Company












Comments

Popular posts from this blog

Facebook တွင် boost လုပ်သည့် Advertisement Post (Ads) များ၏ ထိရောက်မှုကို တိုင်းတာခြင်း

 Facebook ပေါ်မှာ Post တင်ပြီး ကိုယ့်ကို Like & Follow မလုပ်ထားတဲ့သူတွေဆီပါ ကိုယ့်ကြေညာသွားပေါ်‌ နေအောင်  အခကြေးငွေပေးပြီးကြေညာ တာကို Boost လုပ်တယ်လို့ ခေါ်ပါတယ်။  Boost လုပ်တာက ရုတ်တရက်ကြည့်ရင် လွယ်သလိုလိုနဲ့ တကယ်နက်နဲပြီး ထိရောက်အောင် လုပ်တဲ့ Process ဟာ ပညာသားပါလှပါတယ်။ Boost လုပ်တဲ့အခါ ဘာတွေ စဥ်းစားပြီး ဘယ်လို Setting ချိန်မှ ထိရောက်တယ်ဆိုတာ အခြား Article တစ်ခုမှာ ဖော်ပြပေးပါ့မယ်။ အခုတော့ Boost လုပ်ထားတဲ့ post ဟာ ထိရောက်မှု ရှိမရှိ တိုင်းတာတဲ့အခါမှာ သုံးတဲ့ အချက်တွေကို ရှင်းပြပေးမှာဖြစ်ပါတယ်။ (၁) Reach - လူ ဘယ်နှယောက်ကို boost လုပ်ထားတဲ့ post ကို မြင်သွားလဲဆိုတဲ့ ပမာဏ ကို ဖော်ပြတဲ့ ကိန်းဖြစ်ပါတယ်။ ကိုယ့် Page ကို လူသိများစေချင်တဲ့အခါ Reach များအောင် Ads setting ချိန်ပေးရပါတယ်။ Reach များတာဟာ effective ဖြစ်တာ မဟုတ်ပါဘူး၊ လူများများဆီသွားပေါ်ဖို့ထက် Customer ဖြစ်လာမယ့်သူတွေဆီ သွားပေါ်ဖို့ က ပိုအရေးကြီးပါတယ်။ ကြေညာတင်ခြင်းရဲ့  key KPI ဟာ ပိုရောင်းရခြင်းပဲ ဖြစ်ပါတယ်။ (၂) Impression - ဘယ်နှကြိမ်ထိ ကိုယ့်ကြေညာဟာ Spondsor Ads အနေနဲ့ သွားပေါ်ပြီးပြီလဲ ဆိုတာကို ဖော်ပြတ...

Domain, Website နှင့် Domain Email ရှိထားခြင်းတို့၏ အားသာချက်

1 လုပ်ငန်း တစ်ခုရယ်လို့ တည်ထောင်ပြီဆိုတာနဲ့  အပင်လေးတစ်ပင်ကို ရှင်သန်အောင် ပြုစုပျိုးထောင်ရသလိုပါပဲ။ Company တစ်ခုရဲ့ Value (တန်ဖိုး) ကြီးထွားလာဖို့ဆိုတာ ဝင်ငွေ အမြတ်ငွေ ကောင်းတာ တစ်ခုတည်းနဲ့ တိုင်းတာလို့မရပါဘူး။ ဘယ်လို Innovative ဖြစ်လဲ၊ ကိုယ်ရောင်းချတဲ့ Brand က ဘယ်လောက်လူသိများလဲ၊ ကိုယ့်ဖောက်သည်တွေ ဘယ်လောက်စိတ်ကျေနပ်လည်း၊ ထပ်ဝယ်သလဲ၊ ခေါင်းဆောင်မှုကောင်းရှိရဲ့လား၊ လုပ်ငန်းလည်ပါတ်မှု Operation efficiency ရှိရဲ့လား၊ ဆက်စပ်နေတဲ့ ပါတနာကောင်းတွေရှိရဲ့လား၊ နည်းပညာခတ်မီရဲ့လား၊ ဝန်ထမ်းတွေ တိုးတက်မှုရှိပြီး အလုပ်ထွက်နှုန်းနည်းရဲ့လား၊ Sustainable Practices တွေရှိရဲ့လား စသည်ဖြင့် ပြောရရင် အများကြီးပါပဲ။